logo
myanmar
2020 မှာဆော့ရတာအကောင်းဆုံး Mobile game များ

2020 မှာဆော့ရတာအကောင်းဆုံး Mobile game များ

13 Apr 2020

2020 မှာ Smartphone တွေအတွက် ဆော့ရအကောင်းဆုံး Mobile Game တွေကိုဖော်ပြသွားမှာ ဖြစ်ပါတယ်။ Stay home ကာလမှာ ဖုန်းနဲ့ဂိမ်းဆော့ရတာကြိုက်တဲ့သူတွေအတွက် အဆင်ပြေစေမဲ့ ဂိမ်းတွေဖြစ်ပါတယ်။ ဘာ Game တွေဖြစ်မလဲဆိုတာကိုတော့…

PUBG Mobile
ဒီဂိမ်းကတော့ လူငယ်တော်တော်များများ သိကြတဲ့ Game တစ်ခုဖြစ်ပါတယ်။ Feb 9 2018 ခုနှစ်မှာ Officially Launch လုပ်ခဲ့ပြီး လက်ရှိအချိန် Gaming Industries တွေထဲမှာ Trend ဖြစ်နေတဲ့ Mobile Game တစ်ခုအဖြစ်ရပ်တည်နေပါတယ်။ နောက်ပိုင်းပေါ်လာတဲ့ Smartphone တွေမှာ Graphic Quality ကောင်းကောင်းနဲ့ Battle Royale Game ကောင်းကောင်းကို ဆော့ချင်ရင် ဒီ PUBG Mobile ကို ကစားကြည့်ဖို့ အကြံပြုပါတယ်။

Garena Free Fire: Winterlands
Free Fire လို့ပြောလိုက်တာနဲ့ Battle Royale Game နှစ်သက်သူ တစ်ယောက်ဆိုရင် သိပါတယ်။ ROS, PUBG Mobile တို့မပေါ်ခင်မှာ Free Fire ဂိမ်းက လူငယ်တွေ ရူးရူးမူးမူး ဆော့ခဲ့ကြတဲ့ Battle Royale Game တစ်ခုဖြစ်ခဲ့ပါတယ်။ လက်ရှိအချိန်မှာဆိုရင်လည်း Update တွေပေးပြီး ပိုကောင်းလာတဲ့ Feature တွေနဲ့ ကစားနိုင်အောင် ပြုလုပ်ပေးနေဆဲပါ။ ROS တွေ PUBG Mobile တို့ကိုမနိုင်တဲ့ Old Version ဖုန်းတွေအတွက် သင့်တော်တဲ့ Game တစ်ခုလည်းဖြစ်ပါတယ်။

Into the Dead 2
ဒီဂိမ်းကတော့ Storyline ကောင်းကောင်းနဲ့ ဖန်တီးထားတဲ့ Game တစ်ခုဖြစ်ပါတယ်။ Zombie တွေနဲ့ ကမ္ဘာပျက်နေတဲ့ အခြေအနေမှာ Chapter တွေ၊ Challenges တွေနဲ့ အကောင်းဆုံး ကျော်ဖြတ်ရမယ့် Game မျိုးဖြစ်ပါတယ်။ Powerful ဖြစ်တဲ့ Range Weapon တွေ Melee Weapon တွေကို Upgrade လုပ်သွားပြီး Survive ဖြစ်အောင် ကစားသွားရမှာ ဖြစ်ပါတယ်။ နောက်ပိုင်းထွက်လာတဲ့ Smartphone တွေမှာ Graphic Quality ကောင်းကောင်းနဲ့ သဲထိတ်ရင်ဖို ကစားသွားနိုင်မယ့် Mobile Game တစ်မျိုး ဖြစ်ပါတယ်။

Need for Speed No Limits
Racing Game Crazy တိုင်း Need for Speed ဆိုတာနဲ့ မသိတဲ့ မရှိသလောက်ပါပဲ။ ဒီ Need for Speed No Limits က Mobile Game တွေကြားတဲ့ လူဆော့များတဲ့ နာမည်ကြီး Racing Game တစ်မျိုး ဖြစ်လာခဲ့ပါတယ်။ Smartphone ကောင်းကောင်းမှာရှိတယ်ဆိုရင် Graphic Quality ကောင်းကောင်းနဲ့ ကစားလိုက်မယ်ဆိုရင် လုံးဝကို စိတ်ကျေနပ်စရာကောင်းနေမှာ အမှန်ပါ။

Subway Surfers
Subway ကတော့ မိတ်ဆက်ပေးစရာ မလိုလောက်တော့ဘူး ထင်ပါတယ်။ Smartphone အသုံးပြုသုံးတိုင်းရဲ့ Favourite Game တစ်ခုလို့လည်း ပြောနိုင်ပါတယ်။ နောက်ပိုင်း အရမ်းလန်းတဲ့ Update တွေပေးလာပြီး Feature တွေကလည်း အရင်နဲ့ မတူတဲ့ ခံစားချက် အသစ်တွေကို ပေးနေပါလိမ့်မယ်။ ဒီ Game လေးက အခုခေတ် Game တွေမပေါ်ခင်က လူတိုင်းရဲ့ Smartphone တွေမှာ နေရာယူထားတဲ့ ဂိမ်းတစ်ခုဖြစ်ခဲ့သလို အခုချိန်ပြန်ဆော့ကြည့်ဖို့လည်း အကြံပြုလိုက်ပါတယ်။

ကဲဒီ Mobile Game တွေကတော့ 2020 မှာအကောင်းဆုံး ဖြစ်နေဆဲ Mobile Game တွေပါပဲ။ ကိုယ့်စိတ်ထဲမှာ အကောင်းဆုံးလို့ သတ်မှတ်ထားတဲ့ Mobile Game တွေရှိရင်လည်း ဖော်ပြခဲ့ပါအုံး။

Recent posts