logo
myanmar
Location ပိုင်းအတွက် IG မှာပိုပြီး အသုံးဝင်လာစေတဲ့  Tool အသစ်တစ်ခု

Location ပိုင်းအတွက် IG မှာပိုပြီး အသုံးဝင်လာစေတဲ့  Tool အသစ်တစ်ခု

12 Oct 2022

ဒီတစ်ခေါက်ဖော်ပြပေးမယ့် အကြောင်းအရာကတော့...နာမည်ကြီး Social Media Platform တစ်ခုဖြစ်တဲ့ Instagram ဟာဆိုရင် Local Business အတွက်ပိုပြီး Information တွေပြည့်ပြည့်စုံစုံ ဖြစ်လာစေဖို့အတွက် Map Search Feature အသစ်တစ်ခုကို ထပ်မံပြီး Provide လုပ်လာပါတယ်။


ဒီ Tool အသစ်ဖြစ်တဲ့ Map Search မှာတော့ IG User တွေအနေနဲ့ Location အနီးအနားမှာရှိတဲ့ Popular Tagged Location တွေကို Explore လုပ်နိုင်မှာပဲ ဖြစ်ပါတယ်။ သင့်အနေနဲ့လည်း Location တွေကို Filter လုပ်နိုင်မှာဖြစ်ပြီး Specific Categories တွေအနေနဲ့ Restaurant, Cafes, Beauty Salon အစရှိတာတွေကို IG Map မှာ ထည့်သွင်းနိုင်သွားမှာပါ။


Instagram ကိုအပါ အသုံးပြုတဲ့ Local Business တွေအနေနဲ့လည်း မိမိတို့ရဲ့ လုပ်ငန်းတွေကို IG Map မှာ အခုလို ထည့်သွင်းထားနိုင်မှာ ဖြစ်တဲ့အတွက် လုပ်ငန်းအတွက်ပိုပြီး အထောက်ပြုလာနိုင်ပါတယ်။ ဒီအသစ် ထပ်မံထည့်သွင်းထားတဲ့ Business Search Tool ကြောင့်ရရှိလာနိုင်တဲ့ အချက်တွေကတော့…


  • Location Categories တွေကို လွယ်ကူစွာ ရှာဖွေလာနိုင်ခြင်း


  • Location တွေကို Collection အနေနဲ့ Save လာနိုင်ခြင်း


  • Direct Message မှာဖြစ်စေ၊ Group မှာတဆင့်ဖြစ်စေ Place တွေကို Sharing လုပ်နိုင်ခြင်း


ဖော်ပြခဲ့တဲ့အချက်တွေကတော့ IG Maps အတွင်းမှာ အသစ်ထပ်မံ ထည့်သွင်းလာတဲ့ Business Search Tool နဲ့ပတ်သတ်တာတွေဖြစ်ပါတယ်။ Local Business တွေအတွက်လည်း ပိုမိုအထောက်အကူ ဖြစ်လာစေနိုင်တဲ့ Tool တစ်ခုလို့လည်း ပြောနိုင်ပါတယ်။

Recent posts