
03 Jun 2024
ဒီတစ်ခေါက်မှာတော့ Blog တွေဟာ Digital Marketing တွေထဲမှာ ဘာကြောင့် အရေးပါတဲ့ဟာ ဖြစ်နေရတာလဲဆိုတဲ့ အကြောင်းအရာအချို့ကို ဝေမျှပေးသွားမှာ ဖြစ်ပါတယ်…
၁၉၉၄ ခုနှစ်မှာ Justin Hall ဟာ ပထမဆုံးသော Weblog ဆိုတာကို Create ဖန်တီးခဲ့ပါတယ်။ ယခုချိန်မှာ ကျနော်တို့ Blog ဆိုပြီး သိလာတဲ့ အရာပဲဖြစ်ပါတယ်။ Blogging ဆိုတာက အောင်မြင်တဲ့ Content Marketing ရဲ့ Cornerstone ဖြစ်လာခဲ့တာ ယခုချိန်ထိပါပဲ။
သင့်ရဲ့ Website မှာ Content တွေပုံမှန်တင်နေခြင်းက အရမ်းကို ကောင်းမွန်တဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ Blog တွေဟာ ကဏ္ဍမျိုးစုံတင်နိုင်ခြင်း၊ ကုန်ကျစရိတ်သက်သာခြင်း၊ Organic Traffic Boost နိုင်ခြင်း အစရှိတဲ့ ရလဒ်မျိုးပါဝင်နေပါတယ်။
Blog တွေရဲ့ Long-Form Format တွေက သင့်လုပ်ငန်းနဲ့ပတ်သတ်တဲ့ Target Format တွေကို Focus ထားနိုင်ခြင်း၊ သင့်ရဲ့ Audience တွေအတွက် အရေးကြီးတဲ့ Topic တွေကို Share နိုင်ခြင်းစတဲ့ သက်ရောက်မှုတွေ များစွာရှိပါတယ်။
Blog တွေဟာ SEO Strategy အတွက်လည်း အရေးပါတဲ့ Role တစ်ခုလည်း ဖြစ်ပါတယ်။ ပျှမ်းမျှ စာလုံးရေ ၁၅၀၀ မှ ၂၅၀၀ ရှိတဲ့ Blog Post ဟာ များစွာသော Information တွေပါဝင်တဲ့အတွက် Google Search bot ရဲ့ Provide ပေးခြင်းခံရပါတယ်။
ဒီအချက်အလက်တွေကို ကြည့်ခြင်းအားဖြင့် Blog တွေက Digital Marketing နယ်ပယ်မှာ ဘာကြောင့် အရေးပါတဲ့ အရာ ဖြစ်နေလဲဆိုတာကို သိမြင်နိုင်ပါတယ်။