26 Apr 2023
User တွေသင့်ရဲ့ Business အပေါ်မှာ ဘယ်လို Feedback တွေပေးလေ့ရှိကြလည်း၊ ဘာကြောင့် Feedback မရလည်းဆိုတာတွေက ‘ User Experience’ အပေါ်မှာ မူတည်ပါတယ်။ ‘ User Experience’ကို တစ်နည်းအားဖြင့် ‘ UX’ ဆိုပြီး သိရှိကြပါတယ်။ ‘ User Experience’ ဆိုတာက သူတို့အသုံးပြုနေကျတဲ့ Company ရဲ့ Product, Service အပေါ်မှာထားရှိတဲ့ Interaction Characteristic အကုန်လုံးကိုဆိုလိုခြင်းဖြစ်ပါတယ်။ သင့်ရဲ့ System, Website အပေါ်မှာ User Feedback တွေ ပိုမိုရရှိဖို့ရင်တော့ အောက်ပါအချက်လေးတွေကို လေ့လာကြည့်ရှုနိုင်ပါတယ်…
သင့် Website မှာ Feedback Button ထားပေးပါ
ဒီအချက်က နည်းနည်းတော့ ဟာသပုံစံဖြစ်နေမှာပါ။ Website ဆောက်ပြီဆိုကတည်းက Feedback Button ကတော့ပါဝင်နေမှာဖြစ်ပါတယ်။ ယခုလို အချက်တစ်ချက်အနေနဲ့ ဘာကြောင့်ပြောရလဲဆိုတာကတော့ တစ်ချို့ Website တွေမှာ User က Feedback ပေးချင်တာတောင် Feedback Button ကိုမနည်းလိုက်ရှာနေရတာတွေ ရှိခဲ့ဖူးပါတယ်။ သင့်ရဲ့ Website မှာ Feedback Button က ရိုးရိုးရှင်းရှင်းနဲ့ ရှာဖွေရလွယ်မယ်ဆိုရင်တော့ User Feedback ရရှိဖို့ ပိုမိုအခွင့်အလမ်းများပါတယ်။
မက်လုံးပေးပါ
သင့် Website ကိုရောက်လာတဲ့ User တွေကို Feedback ပေးရင် လက်ဆောင်ပြန်ပေးခြင်း၊ eBook လေးတွေပြန်ပေးခြင်း အစရှိတဲ့ မက်လုံးပေးခြင်းဟာလဲ User Feedback ပိုမိုရရှိစေတဲ့ အချက်ထဲမှာပါဝင်ပါတယ်။ User တွေရဲ့ စိတ်ကိုလည်း Enjoy ဖြစ်စေတော့ သင့် Website ကိုဝင်ရောက်ကြည့်ရှုခဲ့တဲ့ User တွေကို ကြေနပ်မှုရစေပြီး ‘ User Experience’ ပါရရှိစေပါတယ်။
Live Chat အသုံးပြုပါ
User တွေဘာလိုအပ်နေလဲဆိုတာကို သိချင်ရင် Live Chat အသုံးပြုပေးပါ။ Live Chat ဟာ ‘ User Experience’ အတွက် အကောင်းဆုံးဖြစ်စေတဲ့ Tool တစ်ခုဆိုရင်လည်း မမှားပါဘူး။ ဒီ Live Chat ကိုအသုံးပြုနေမယ်ဆိုရင် On Site ကနေ User တွေနဲ့ တိုက်ရိုက်ထိစပ်မှု ရှိနေမှာဖြစ်တဲ့ အတွက် Feedbackတွေ ပိုမိုရရှိလာဖို့ အခွင့်အရေးပိုရပါတယ်။
Feedback ရရှိခြင်းဟာ Website တွေ System တွေနဲ့ လုပ်ငန်းလုပ်ကိုင်နေတဲ့ လုပ်ငန်းရှင်တွေအတွက်ကောင်းမွန်တဲ့ ရလဒ်တစ်ခုထဲမှာပါဝင်ပါတယ်။ ဒါကြောင့် User Feedback တွေကို ဂရုစိုက်ပေးဖို့ လိုအပ်ပါတယ်။