logo
myanmar
LinkedIn Engagement များလာအောင် ဘလိုလုပ်ရမလဲ?

LinkedIn Engagement များလာအောင် ဘလိုလုပ်ရမလဲ?

01 Jun 2022

Social Media Platform တွေကို Smart ကျကျသုံးတတ်တဲ့သူတစ်ယောက်ဆိုရင် Profile ဆိုတာကလဲအရေးကြီးတဲ့အချက်ထဲ မှာပါဝင်ပါတယ်။ ဒီတော့ Social Media Platform တစ်ခုဖြစ်တဲ့ LinkedIn မှာသင့်ရဲ့ Profile ကိုဘယ်လို Engagement ရအောင်ထားသင့်လဲဆိုတာကိုဖော်ပြပေးပါမယ်…


(၁) သင့်ရဲ့ Basic Profile ကို Update လုပ်ပေးပါ

LinkedIn User တော်တော်များများဟာ Basic Profile ကို Update လုပ်ပေးဖို့မေ့နေတတ်ကြပါတယ်။ သင်ဟာ အခုမှ LinkedIn စသုံးတဲ့သူဆိုရင်လည်း သင့်ရဲ့ အလုပ်တစ်ခုခုကိုထည့်ဖို့မမေ့ပါနဲ့ ဒါမှသင့်ရဲ့ Profile ဟာ Smart ကျနေမှာဖြစ်ပါတယ်။ ဒီအချက်ဟာ သင့် Profile အတွက် ကောင်းမွန်တဲ့ အချက်တစ်ချက်ပဲဖြစ်ပါတယ်။


(၂) Background Photo ကိုဂရုစိုက်ပေးပါ

ဒီ Background Photo ဆိုရင်လည်း Profile အတွက် တော်တော်လေးကို အရေးပါတဲ့အချက်တစ်ချက်ဖြစ်ပါသေးတယ်။ သင့်ရဲ့ Background Photo ကို Personality ဒါမှမဟုတ် Professional ဆန်ဆန်လေးတင် မယ်ဆိုရင်တော့ အကောင်းဆုံးပါ။ Background Photo ရဲ့ Size ကတော့ 1400 x 425 Resolution နဲ့ထားနိုင်ပြီး PNG, JPG နဲ့ GIF တွေကို အသုံးပြုနိုင်ပါတယ်။


(၃) LinkedIn Profile URL ကိုကောင်းမွန်စွာပေးထားပါ

သင် LinkedIn စသုံးတဲ့ အချိန်မှာ LinkedIn Profile URL ကို အဓိပ္ပါယ်မရှိတဲ့ Letters, Numbers နဲ့ Backslashes တွေကိုအသုံးပြုခဲ့မယ်ဆိုရင် ထိုအချက်တွေက နောက်ပိုင်းမှာ သင့်ရဲ့ Profile ကိုထိခိုက်လာနိုင်ပါတယ်။ ဒါကြောင့်မို့ သင့်ရဲ့ LinkedIn Profile URL ကိုကောင်းမွန်စွာ မပေးခဲ့ဘူးဆိုရင်တော့Professional ဆန်တဲ့ LinkedIn Profile URL ပြန်ပြောင်းနိုင်ပါတယ်။


အထက်ပါ အချက်လေးတွေဟာ LinkedIn User တွေအတွက် အခြေခံလိုအပ်ချက်လေးတွေဆိုရင်လည်းမမှားပါဘူး။ အခက်အခဲကြီးတွေမဟုတ်တဲ့အတွက် LinkedIn User တွေအတွက်အဆင်ပြေမယ်လို့
မျှော်လင့်ပါတယ်။

Recent posts