logo
myanmar
Facebook ပေါ်မှာလုပ်ကိုင်နေတဲ့ လုပ်ငန်းသေးတွေအတွက် Tool အချို့

Facebook ပေါ်မှာလုပ်ကိုင်နေတဲ့ လုပ်ငန်းသေးတွေအတွက် Tool အချို့

29 Jun 2021

ယခုတစ်ခါမှာတော့ ...Online Shop တွေ အစားအသောက်ရောင်းတဲ့ Page တွေအစရှိတဲ့ အသေးစား စီးပွားရေးလုပ်ငန်းတွေ အတွက် Facebook Tool အချို့ကို ဖော်ပြပေးချင်ပါတယ်။ ဒီ Tool တွေက Business Run ရာမှာ အသုံးဝင်စေမယ့် Automated Ads Campaign Run တာတွေ၊ Book Appointment နဲ့ Video Editing အတွက်လည်း အသုံးပြုနိုင်မယ့် Tool တွေဆိုရင်လည်း မမှားပါဘူး။


Automated Ads

ဒီ Tool နဲ့ဆိုရင် Facebook မှာ သင့်ရဲ့ Business အတွက် Marketing Plan တွေကို Customize လုပ်နိုင်မှာဖြစ်လို့ ပိုမိုကောင်းမွန်တဲ့ ရလဒ်တွေနဲ့ သင်လိုချင်တဲ့ Business Goal ကိုရောက်ရှိဖို့ အခွင့်အလမ်းတွေလည်း ရရှိလာနိုင်ပါတယ်။ ဒီ Tool ရဲ့ အကောင်းဆုံး Feature တွေကို ပြောရမယ်ဆိုရင်တော့…

– မတူညီတဲ့ Version ၆ မျိုးနဲ့ သင့်ရဲ့ Ads တွေကို Automatically Create လုပ်နိုင်ခြင်း

– သင့်ရဲ့ Business Category ကိုစိတ်ဝင်စားတဲ့ Audience Information ကို အခြေခံပြီး Ad Create
လုပ်နိုင်ခြင်း

– သင့်ရဲ့ Business Goal အတွက် သင့်လျော်မယ့် Budget ကို Recommendation ပြုလုပ်ပေးနိုင်ခြင်း

– Run နေတဲ့ Ads Performance Action ရဲ့ Notification ကိုပို့ပေးခြင်း


Manage Appointments

ဒီ Manage Appointments ရဲ့ ထူးခြားတဲ့ Feature တွေကတော့…

– Online Appointments တွေကို လက်ခံပေးခြင်း

– Customer တွေဆီကို Messenger (သို့) Text Message နဲ့ Remind လုပ်ပေးခြင်း

– Service List တွေကို Customize လုပ်နိုင်ခြင်း

– Personal Calendar (သို့) အခြား Appointment Management Tool တွေထဲက Appointment တွေကို

Sync လုပ်ပေးခြင်း


Video Editing

ဒီ Tool မှာပါတဲ့ Feature တွေကတော့…

– Video တွေကို Automatic Cropping လုပ်ပေးခြင်း

– Video Trimming လုပ်နိုင်ခြင်း

– Image And Text Overlays စစ်ပေးခြင်း


Video Editing Tool ရဲ့ ရည်ရွယ်ချက်ကတော့ Business အတွက် လိုအပ်တဲ့ Video တွေကို ရိုးရှင်းတဲ့ Designနဲ့ မြန်မြန်ဆန်ဆန် ရရှိစေချင်တဲ့ ရည်ရွယ်ချက် ထည့်ပေးလိုက်တယ်လို့ ယူဆနိုင်ပါတယ်။


Facebook ရဲ့ Data မှတ်တမ်းတွေအရ January 2019 မှာ Facebook Platform ဟာ Small Business ပေါင်း 90 Million ရဲ့တည်နေရာဖြစ်နေပါပြီ။ Facebook ကတော့သူ့ရဲ့ အမာခံ တန်ဖိုးရှိတဲ့ User တွေအတွက်အသုံးပြုမှုတွေတိုးတက်လာအောင်ပြုလုပ်ဖို့တော့ Commit လုပ်သွားခဲ့ပါတယ်။

Recent posts