
06 May 2024
မိတ်ဆွေ... လုပ်ငန်းခွင်မှာဖြစ်ဖြစ်၊ အိမ်မှာပဲဖြစ်ဖြစ် သင်ဟာ Software တွေ Download လုပ်ဖို့အခက်အခဲတွေ့နေတယ်၊ လိုက်ရှာနေရတာ အဆင်မပြေဘူး အစရှိတဲ့ Issue တွေကြုံတွေနေရတယ်ဆိုရင် ဒီ Article ကိုဆက်လက် ဖတ်ရှုသင့်ပါတယ်။ ကျနော်တို့ ဒီတစ်ခါ Sharing လုပ်ပေးသွားမှာကတော့ အကောင်းဆုံး Free Crack Software တွေ Download လုပ်နိုင်စေမယ့် Site အချို့ပဲ ဖြစ်ပါတယ်…
Softpedia
ဒီ Site ကတော့ Windows, Mac, Linux နဲ့ Smartphone တွေမှာအသုံးပြုနိုင်တဲ့ Software မြောက်များစွာ ရှိတဲ့ Site တစ်ခုဖြစ်ပါတယ်။ ဒါ့အပြင် Game တွေ၊ Driver တွေလည်းရှိသေးတဲ့အတွက် တော်တော်လေးကို Download Research လုပ်ရတာကောင်းမွန်စေတဲ့ Site တစ်ခုလည်း ဖြစ်ပါတယ်။
CNET Download
ဒီ Site ကတော့ Windows နဲ့ Mac တို့အတွက် Malware-free Software တွေကို ကောင်းကောင်း Download လုပ်နိုင်စေမယ့် Site တစ်ခုဖြစ်ပါတယ်။
SharewareOnSale
ဒီ Site ကတော့ Crack Software တွေကို ကောင်းကောင်းကြီး Download လုပ်နိုင်စေမယ့် Popular Site တစ်ခု ဖြစ်ပါတယ်။ ဒီ Site မှာဝင်ရောက် Download ပြုလုပ်နိုင်စေဖို့ဆိုရင် သင့်ရဲ့
Email နဲ့ Sign Up လုပ်ဖို့တော့ လိုအပ်ပါတယ်။
Ninite
ဒီ Site ကလည်း နာမည်ကြီး Crack Software တော်တော်များများကို Download လုပ်နိုင်စေတဲ့ Site တစ်ခုဖြစ်ပါတယ်။ ဒီ Site ရဲ့အားသာချက်ကတော့ Multiple Software တွေကို တစ်ချိန်ထဲ Install လုပ်နိုင်စေတဲ့ အချက်ပဲ ဖြစ်ပါတယ်။
အခု Sharing လုပ်ပေးခဲ့တဲ့ Site တွေကတော့ အကောင်းဆုံး Crack Software Download Site တွေပဲ ဖြစ်ပါတယ်။ Software Down ဖို့အခက်အခဲဖြစ်နေတဲ့ သူငယ်ချင်း၊ မိတ်ဆွေတွေရှိခဲ့ရင် ဒီ Site တွေကို ပြန်ပြီး Sharing လုပ်နိုင်ပါတယ်။