
11 Mar 2024
ကမ္ဘာပေါ်မှာ Digital Marketing ကိုအသုံးပြုလာကြတာများသလို Digital Marketing နဲ့ပတ်သတ်တဲ့ အရာတွေကလဲ အမြဲတမ်းကို ပြောင်းလဲနေတာကိုတွေ့ရပါတယ်။ ဒီလိုပြောင်းလဲလာတာတွေကို အမြဲတမ်း လေ့လာပြီး Business နယ်ပယ်တွေကလဲ လိုက်ပြီး အသုံးပြုနေကြဆဲပါ။ ယခုဖော်ပြပေးမဲ့ အကြောင်းအရာတွေကတော့ Digital Marketing နဲ့ပတ်သတ်ပြီး လူကြီးမင်းတို့ရဲ့ Business တွေကိုလဲ Digital Marketing နဲ့ နည်းဗျူဟာတွေ တည်ဆောက်တဲ့ အခါမှာပိုပြီး အကျိုးရှိလာနိုင်စေမဲ့ အရာတွေ ဖြစ်ပါတယ်…
Website ကိုသင့်ရဲ့ Primary Marketing Channel အဖြစ်ထားပါ။ Website တွေဟာ Company တိုင်းအတွက် များစွာသော အကျိုးအမြတ်တွေကို ရရှိစေနိုင်ပါတယ်။ Direct Traffic တွေလဲ ရရှိနိုင်ပြီး Value နဲ့ Relation-Building Content တွေအကောင်းဆုံး Run နိုင်ပါသေးတယ်။
နောက်တစ်ခုဖြစ်တဲ့ Social Listen ကတော့ Marketer တွေအသုံးများကြတဲ့ နံပတ် (၁) Tactic တစ်ခု အဖြစ်ပါဝင်နေပါတယ်။ Brand တွေအတွက် Relevant Content တွေကို Targeted Audience တွေဆီကို ကုန်ကျစရိတ်သက်သက်သာသာနဲ့ အထိရောက်ဆုံး ကြော်ငြာပေးနိုင်တာဖြစ်တဲ့အတွက် Marketer တွေ အသုံးပြုကြတာ ဖြစ်ပါတယ်။
ဒီလို Social Media Marketing တွေထဲကမှာ Facebook ဟာဆိုရင် ပေါ်ပြူလာအဖြစ်ဆုံး Social Media Platform တစ်ခုဖြစ်ပါတယ်။ အချိန်တိုအတွင်းမှာ ထိရောက်တဲ့ ကြော်ငြာတွေ လုပ်နိုင်သလို၊ ရင်းနှီုးမြုပ်နှံမှုလဲ အများကြီးလုပ်စရာမလိုတဲ့အတွက် လုပ်ငန်းသေး၊ လုပ်ငန်းကြီးတော်တော်များများက အသုံးပြုပြီး သာမန် Organic Engagement တွေလဲ ရရှိနိုင်တဲ့အတွက် လူသုံးအများဆုံး Social Media Platform တစ်ခုဖြစ်လာပါတယ်။ တစ်ကမ္ဘာလုံးမှာရှိတဲ့ ၈၉ ရာခိုင်နှုန်းသော B2B/B2C Marketer တွေဟာဆိုရင်လဲ ဒီ Facebook ကိုပဲ အသုံးပြုကြပါတယ်။
နောက်ထပ် အကြောင်းအရာတစ်ခုကတော့ တစ်ကမ္ဘာလုံးမှာရှိတဲ့ Marketshare ရဲ့ ၅၄.၈၆ ရာခိုင်နှုန်းက Mobile တွေဆီကနေ ရရှိတာ ဖြစ်ပါတယ်။ ၆၁ ရာခိုင်နှုန်းသော သူတွေဟာ Mobile Device တွေကနေ Shopping Experience လုပ်ရတာကို ပိုမိုကြိုက်လာကြတဲ့အတွက် Vendor တွေကလဲ Mobile Friendly Platform တွေမှာပါ Product တွေရောင်းချနိုင်ဖို့ ပြုလုပ်လာကြပါတယ်။ Global Marketshare အနေနဲ့လဲ Mobile တွေဆီကပိုပြီး ရရှိလာပါတယ်။
ဒီဖော်ပြခဲ့တဲ့ အကြောင်းရာတွေက 2024 မှာသိထားသင့်တဲ့ Digital Marketing နဲ့ပတ်သတ်တဲ့ အကြောင်းအရာတွေဖြစ်ပါတယ်။