
မြန်မာနိုင်ငံရဲ့ Mobile Phone ဈေးကွက် Statistics များ
29 Jan 2024
ဒီတစ်ခေါက်မှာတော့ မြန်မာနိုင်ငံအတွင်းက Mobile Phone ဈေးကွက်ထဲက ဖုန်း Brand တွေရဲ့ Statistics တွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ ဒီ Statistics တွေ ၂၀၂၃ ဒီဇင်ဘာလကနေ လက်ရှိကာလအထိ ရရှိထားတဲ့ အချက်အလက်တွေလဲ ဖြစ်ပါတယ်။ ဒီတော့ မြန်မာနိုင်ငံမှာ ဘယ်ဖုန်းတွေကို အသုံးများကြလဲဆိုတာကို ဆက်လက် ဖတ်ရှုသွားနိုင်ပါတယ်…
Xiaomi ဖုန်းတွေကတော့ မြန်မာမှာ လူသုံးအများဆုံးဖုန်းလို့ ပြောလို့ရပါတယ်။ ဘာကြောင့်လဲဆိုရင် မြန်မာမှာ Xiaomi ရောင်းရနှုန်းဟာ ၃၆.၄၄ ရာခိုင်နှုန်းထိ ရှိလို့ပဲ ဖြစ်ပါတယ်။
ဒုတိယအနေနဲ့ကတော့ Apple ပဲဖြစ်ပါတယ်။ အရင်တုန်းကတော့ Apple အသုံးပြုမှုက ဒီလောက်မများခဲ့ပါဘူး။ ဒါပေမဲ့ ဒီနှစ်ပိုင်းရဲ့ စစ်တမ်းတွေအရမှာတော့ မြန်မာမှာ Apple ရဲ့ ဖုန်းရောင်းရနှုန်းကတော့ ၁၂.၄၈ ရာခိုင်နှုန်းထိ ရှိပါတယ်။
တတိယကတော့ Samsung ဖြစ်ပါတယ်။ ဒီ Samsung က ဘာကြောင့် တတိယ ဖြစ်ရတာလဲဆိုတာကတော့ မြန်မာမှာ Samsung ရဲ့ ဖုန်းရောင်းရနှုန်းက ၁၀.၁၂ ရာခိုင်နှုန်း ရှိတာကြောင့် ဖြစ်ပါတယ်။
နောက်ဆက်တွဲ ရောင်းရနှုန်းများတဲ့ ဖုန်း Brand တွေကတော့ Oppo နဲ့ Vivo တို့ဖြစ်ပါတယ်။ မြန်မာမှာ Oppo ရဲ့ ဖုန်းရောင်းရနှုန်းဟာ ၉.၇၁ ရာခိုင်နှုန်းရှိပြီး Vivo ရဲ့ရောင်းရနှုန်းဟာ ၇.၅၂ ရာခိုင်နှုန်းစီ ရှိကြပါတယ်။
မြန်မာမှာ အခြားသော ဖုန်း Brand တွေရဲ့ ရောင်းရနှုန်းဟာဆိုရင်လဲ ၅.၅၃ ရာခိုင်နှုန်းထိ ရှိပါတယ်။
ဒီဖော်ပြပေးခဲ့တာကတော့ ၂၀၂၃ ဒီဇင်ဘာလ ကနေ ၂၀၂၄ လက်ရှိအချိန်အတော်အတွင်းမှာ တွေ့ရတဲ့ မြန်မာနိုင်ငံရဲ့
Mobile ဈေးကွက် Statistics တွေပဲ ဖြစ်ပါတယ်။