အဖြေကတော့ ရှင်းပါတယ်။ Customer တွေက ရှာတဲ့အခါ ကိုယ့် Website ကြော်ငြာဟာ Google ရဲ့ ထိပ်ဆုံးစာမျက်နှာမှာ ချက်ချင်း ပေါ်လာမှာပါ။ အဲဒီအခါ Click နှိပ်ပြီး Website ကို ဝင်ရောက်ဖတ်ရှုမှာ ဖြစ်တဲ့အတွက် ကြည့်ရှုသူဦးရေတိုးတက်လာပြီး၊ အရောင်းတိုးမြင့်လာပါမယ်။
SEM ရဲ့ အားသာချက်ကတော့ ကြော်ငြာကို ကိုယ်တွေ့မြင်စေလိုတဲ့ Customer ကိုသာတွေ့ မြင်အောင်လုပ်ဆောင်နိုင်တဲ့အတွက် ကြော်ငြာစရိတ်အလေအလွင့် လုံးဝ မဖြစ်ပါဘူး။ နောက်ပြီးတော့ ကိုယ့်ရဲ့ကြော်ငြာက တစ်ကယ် Click အနှိပ်ခံရပြီး၊ Customer က Website ကို တစ်ကယ်ဝင်ရောက်ကြည့်ရှုမှသာ Click တစ်ချက်စာ ကျသင့်ငွေကို ပေးချေရမှာပါ။
SEO နှင့်မတူဘဲ ကိုယ်လိုချင်သော စကားလုံး (keyword) နဲ့ကိုယ့်ရဲ့ ဝက်(ဘ်)ဆိုက်ကို တမဟုတ်ချင်းဆိုသလို၊ မျက်စိတစ်မှိတ် လျှပ်တစ်ပျက်အတွင်း Google ရဲ့ ထိပ်ဆုံးစာမျက်နှာမှာ ပေါ်အောင်လုပ်ဆောင်နိုင်ပါတယ်။ အဆက်မပြတ်ဝင်လာမယ့် Customer တွေရဲ့ဖုန်းကို ဖြေဆိုဖို့သာ အသင့်ပြင်ထားလိုက်ပါ။