logo
myanmar
Social Media မှာကောင်းမွန်တဲ့ Business တစ်ခုဖြစ်ဖို့ လုပ်ဆောင်သောအရာများ

Social Media မှာကောင်းမွန်တဲ့ Business တစ်ခုဖြစ်ဖို့ လုပ်ဆောင်သောအရာများ

16 Oct 2023

Business တစ်ခုကို Social Media ပေါ်မှာ ရလဒ်ကောင်းတွေနဲ့ အောင်မြင်ဖို့အတွက်က လုပ်စရာ အချက်တွေအများကြီးရှိပါတယ်။ ဒီတိုင်းသာမန် Post တင်ပြီး လုပ်ဆောင်တဲ့အခါမျိုးတွေမှာ ရသင့်တဲ့ ရလဒ်တွေ မရပဲ ဖြစ်တတ်ပါတယ်။ Social Media ပေါ်မှာ ဆောင်ရန်ရှောင်ရန် အချက်တွေရှိသလို ဂရုတစိုက်နဲ့ Checklist လုပ်သွားသင့်တာတွေလဲ ရှိပါတယ်။ ဒါကြောင့် နေ့စဥ်ဆောင်ရွက်ရမှာလား၊ လစဥ်ဆောင်ရွက်ရမှာလားဆိုတဲ့ Checklist အချို့ကို Sharing လုပ်ပေးသွားချင်ပါတယ်…



နေ့စဥ်ဆောင်ရွက်သင့်တဲ့အချက်များ


  • Comment, Message, Question တွေအားလုံးကို စစ်ပြီး Reply ပြန်ပေးပါ


  • သင့်ရဲ့ Brand နဲ့ပတ်သတ်ပြီး Mention ထားတာတွေကို သေချာရှာဖွေပါ


  • Audience သစ်တွေဆီရောက်ဖို့အတွက် Content တွေကို သေချာပြင်ဆင်ပါ


  • လုပ်ငန်းနဲ့သက်ဆိုင်တဲ့ Trend တွေကို ဂရုတစိုက်လေ့လာပါ။ Hashtag တွေကို သေချာကြည့်ပါ


  • Competitor တွေကိုလေ့လာပြီး Social Media မှာ သူတို့ဘာလုပ်နေလဲဆိုတာကို စောင့်ကြည့်ပါ



လစဥ်ဆောင်ရွက်သင့်တဲ့အချက်များ


  • ၁ လစာ Performance အကောင်းဆုံး Content ကိုသေချာ Identify လုပ်ပါ။ ဒီလို Identify လုပ်မှာသာ လိုအပ်ချက်ရှိခဲ့မယ်ဆိုရင် ပြန်ပြင်လို့ ရနိုင်မှာ ဖြစ်ပါတယ်။


  • Competitor တွေကို အတွင်းကျကျ စောင့်ကြည့်ပြီး Social Strategy လုပ်ပေးပါ


  • Monthly Result အတွက် Competitor တွေနဲ့
    Performance Compare လုပ်ပေးပါ


  • Seasonal Event တွေအတွက် Research လုပ်ပြီး ကြိုတင်ပြင်ဆင်မှုတွေ လုပ်ပါ


  • Promotion လုပ်ဖို့အတွက်တွေကို စီစစ်ပြီး Prepare လုပ်ထားနိုင်ပါတယ်



ဒီ Sharing လုပ်ပေးခဲ့တဲ့အချက်တွေကတော့ နေ့စဥ်ဆောင်ရွက်ရမှာလား၊ လစဥ်ဆောင်ရွက်ရမှာလားဆိုတဲ့ Social Media Checklist အချို့ပဲ ဖြစ်ပါတယ်။

Recent posts