logo
myanmar
အောင်မြင်တဲ့ Website တစ်ခုအတွက် ရှောင်ရှားသင့်တဲ့ အသုံးအနှုန်းများ

အောင်မြင်တဲ့ Website တစ်ခုအတွက် ရှောင်ရှားသင့်တဲ့ အသုံးအနှုန်းများ

12 Jun 2021

ဒီတစ်ခေါက်မှာတော့ Website တစ်ခု အောင်မြင်လာဖို့အတွက် ဆိုရင် ရှောင်ရှားသင့်တဲ့ အသုံးအနှုန်းနဲ့ပတ်သတ်တဲ့ အကြောင်းအရာတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ Website တစ်ခု Subscriber တိုးလာဖို့၊ Business Website ဖြစ်လို့ Sale Inquiry တွေတိုးလာဖို့ အတွက် ဆိုရင် ရှောင်ရှားသင့်တဲ့ အသုံးအနှုန်းတွေ၊ Effective ဖြစ်တဲ့ Call to Action ဖန်တီးခြင်း၊ Website Call to Action ကို A/B Test လုပ်ခြင်းတွေကို ဂရုစိုက်ပေးဖို့ လိုအပ်ပါတယ်။



ရှောင်ရှားသင့်တဲ့ အသုံးအနှုန်းတွေနဲ့ အသုံးပြုသင့်တဲ့ အသုံးအနှုန်း တွေကို တစ်ချက်ဖော် ပြပေးပါမယ်။ ရှောင်းရှားသင့် တဲ့အသုံးနှုန်းတွေကိုကတော့ Call to Action မှာ Download Now, Buy Now, Order Today, Submit တို့ပဲ ဖြစ်ပါတယ်။ ဒီအချက်တွေက Website Visitor တွေကို တစ်ခုခုလုပ်ဖို့ အတင်းတိုက်တွန်း နေသလို ဖြစ်တဲ့အတွက် Visitor တွေရဲ့ စိတ်ကို Annoy ဖြစ်စေပြီး သင့် Website ပေါ်ကနေ ထွက်သွားကြတတ်ပါတယ်။ သုံးနှုန်းသင့်တဲ့ အသုံးအနှုန်းတွေကတော့ Learn More, Get Started, Register Today, Grap My Copy တို့ကတော့ အသုံးပြုသင့်တဲ့ အသုံးအနှုန်းတွေထဲမှာ ပါဝင်ပါတယ်။ ဒီအသုံးအနှုန်းတွေကတော့ Visitor တွေရဲ့ စိတ်မှာ Benefit တစ်ခုခု ရရှိနိုင်စေတဲ့ အသိကို လုံ့ဆော် ပေးတဲ့အသုံးအနှုန်းတွေဖြစ်ပါတယ်။



Effective ဖြစ်တဲ့ Call to Action ဖန်းတီးဖို့ အတွက်ကတော့ Call to Action က Value ပေးနိုင်ရမယ်၊ Color Contrasting ဖြစ်ရမယ်၊ Clear Message ပေးနိုင်ရမယ်။ ဒီအချက်တွေက Effective ဖြစ်တဲ့ Call to Action ကို ဖြစ်စေနိုင်တဲ့ အချက်တွေဖြစ်ပါတယ်။ Website Call to Action ကို A/B Test လုပ်ရာတဲ့ အခါမှာလည်း ရိုးရိုးရှင်းရှင်းနဲ့ စမ်းသပ်နိုင်ဖို့ အတွက် Color, Text, Placement, Sharp, Size, Imagery ဒီအချက်တွေနဲ့ စမ်းသပ်နိုင်ပါတယ်။ Website User တိုးလာဖို့က Call to Action ကောင်းကောင်း ရှိနေဖို့ အတွက်ကြောင့်
ဒီအချက်တွေကို ဂရုတစိုက် သတိပြုပြီး လုပ်ဆောင်ပေးဖို့ လိုအပ်ပါတယ်။

Recent posts