09 Jul 2019
မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ Zawgyi နဲ့ Unicode Font ၂ မျိုးကွဲတဲ့ ကိစ္စကတော့ အောက်တိုဘာလ ၁ ရက်နေ့မှာ အဖြေပေါ်တော့မှာ ဖြစ်ပါတယ်။ အမျိုးသားစံချိန်စံညွှန်းကောင်စီ ၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနနဲ့ မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ် ဒီကိစ္စကို တစ်နိုင်ငံလုံး Unicode သုံးစွဲနိုင်အောင် အကောင်းဆုံး ကူညီဖြေရှင်းမယ်လို့ သိရှိရပါတယ်။ မြန်မာနိုင်ငံ အစိုးရဌာနဆိုင်ရာ ရုံးတွေမှာတော့ ဧပြီလထဲက Unicode စနစ်ကို အသုံးပြုခဲ့ကြပြီး တစ်နိုင်ငံလုံး အသုံးပြုနိုင်မယ့် အတိုင်းအတာ ကိုတော့ အောက်တိုဘာလ ၁ ရက်နေ့မှာ အသုံးပြုသွားနိုင်အောင်စီစဉ်နေကြတာ ကိုသိရှိရပါတယ်။ တစ်တိုင်းပြည်လုံးနီးပါး Zawgyi နဲ့ ရင်းနီးလာခဲ့တာ ကာလအတော်ကြာခဲ့တဲ့ အတိုင်းအတာ တစ်ခုထိ အသုံးပြုခဲ့ပြီး လက်ရှိအချိန်ထိ အသုံးပြုနေကြတာကိုလည်း တွေ့ရပါတယ်။ နိုင်ငံတွင်း အသုံးပြုရတာ အစဉ်ပြေတာတစ်ခုပဲ ရှိခဲ့တဲ့ Zawgyi Font ဟာမသိသာနဲ့ အားနည်းချက်တွေ ရှိခဲ့တာကို တွေ့ရှိရပါတယ်။
Unicode စနစ်က နိုင်ငံတကာ အသိအမှတ်ပြု စံချိန်စံနှုန်းနဲ့ ကိုက်ညီတဲ့ Font တစ်မျိုးဖြစ်တဲ့ အတွက် Internet Browser တွေမှာ ကောင်းကောင်း အလုပ်ဖြစ်တဲ့ Font တစ်မျိုးဖြစ်ပါတယ်။ Unicode က Computer Device တွေမှာ Built-in အနေနဲ့ ပါဝင်လာတဲ့ Font တစ်မျိုးဖြစ်တဲ့ အတွက် Microsoft, Google, YouTube, Facebook အစရှိတဲ့ Internet Browser တွေနဲ့ Social Media Platform တွေမှာ Unicode ကိုကောင်းစွာ အသုံးပြုနိုင်ပါတယ်။ Unicode စနစ်မှာ မြန်မာစာတစ်မျိုးထဲ မဟုတ်ပဲ မြန်မာ့တိုင်းရင်းသားဘာသာစကားတွေ ကိုပါ အသုံးပြုနိုင်ပါတယ်။ Google Translate ကိုကောင်းကောင်းမွန်မွန် အလုပ်လုပ်ပေးနိုင်ပြီး Microsoft ကပေးတဲ့ Feature တွေအကုန်ကိုလဲ Unicode ကအသုံးပြုသွားနိုင်မှာ ဖြစ်ပါတယ်။ ချုံပြီးပြောရမယ်ဆိုရင် International Standard နဲ့ အညီ Develop လုပ်ထားတဲ့အတွက် ဧပြီလမှာ Government Official Site အားလုံးမှာ အသုံးပြုနေကြပါပြီ။ ဒီအတွက် International Standard နဲ့ကိုက်ညီတဲ့ Unicode Font ကိုလက်ရှိမှာ သုံးနေတဲ့သူတွေရှိသလို မသုံးသေးတဲ့သူတွေကိုလည်း အောက်တိုဘာ ၁ ရက်နေ့ အသုံးပြုသွား နိုင်အောင် ဆောင်ရွက်နေကြောင်းကို သိရှိရပါတယ်။